Uncategorized

ကြားရတာ

မောင်တောတောင်ပိုင်း အငူမော်လမ်းပေါ်ရှိ အင်းဒင် နခခ(၆)စခန်းကြီးအား AA အပြီးသတ် သိမ်းပိုက်
(စစ်ကောင်စီအကျအဆုံးများပြီး အများအပြားအဖမ်းခံရဟု သတင်းများထွက်ပေါ်နေ)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၆ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တော-အငူမော်လမ်း ပေါ် ရွိ အင်းဒင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) စခန်းကြီးကို အာရက္ခတပ်တော် (AA)က ဒီနေ့ ဇြန္လ ၆ ရက် နံနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ် အရ သိရပါတယ်။

“နယ်ခြားစောင့်တပ်ဖွဲ့ တွေ အက်ဆုံးတွေရှိတယ်။ စခန်းက ထွက်ပြေးကြတာလည်းရှိတယ်။ လက်နက်ချတာလည်းရှိတယ်။ ထွက်ပြေးတာက ပင်လယ်ပြင်ဖက်ကို ထွက်ပြေးကြတာများတယ်။ ဖမ်းမိတာတွေလည်း ရှိတယ်။ နယ်မြေရှင်း လင်းရေလုပ်နေရတယ်” လို့ပြောပါတယ်။

အင်းဒင်နခခ(၆)နယ်ခြားစောင့်စခန်းဟာ မောင်တောမြို့နယ်တောင်ပိုင်း မွာ အခြေစိုက်ထားပြီး အင်အား ၆၀၀ ခန့်ရှိတဲ့ စခန်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအင်ဒင်စခန်းမကျစေဖို့ကို ပင်လယ်ပြင်ရှိ နေဗီတွေက လက်နက်ကြီးပစ်ကူမူတွေပေးခဲ့ကြသလို လေကြောင်းကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ပစ္ကူ တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာ အာရက္ခတပ်တော် အေအေကနေ အောင်မြင်စွာ သိမ်းပိုက်ခဲ့တာလို့ ပြောဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *