Uncategorized

ရဲဘော်မှာ ဒဏ်ရာပြင်းထန်၍

မုံရွာမြို့ပေါ် စစ်ဆင်ရေးပါဝင်ခဲ့သည့် ရဲဘော် ၂ရက်အကြာတွင် ကျဆုံး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်စစ်ဆင်ရေးတစ်ခုအတွင်း လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃ ရက် နံနက်က မုံရွာမြို့၊စက်မှုဇုန်၌ စစ်ကောင်စီယာဉ်တစ်စီးအား တိုက်ခိုက်ခဲ့ရာ ကားပေါ် လက်နက်သွားကောက်သည့်ရဲဘော်ICအား ကျန်နေသည့် စစ်သားတစ်ဦးက ပစ်ခတ်ခဲ့၍ ဦးခေါင်း ကျည်ထိမှန်ခဲ့သည်။

ရဲဘော်မှာ ဒဏ်ရာပြင်းထန်၍ ဇွန်လ ၅ ရက်က ကျဆုံးသွားခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုင်းပြည်အနာဂါတ်မဲ့နေချိန်မှာ ဒီလူငယ်တွေဟာ သူတို့ရဲ့အနာဂါတ်ကိုရင်းပြီးတိုင်းပြည်ကိုကယ်တင်နေကြတယ်။ တိုင်းပြည်က လက်နက်အပြည့်အစုံ/အကာအကွယ် အပြည့်အစုံမတပ်ဆင်ပေးသော်လည်း ဒီလူငယ်လေးတွေဟာ အသက်အပိုပါတဲ့အတိုင်းရဲရဲဝံ့ဝံ့ရန်သူကို တိုက်ခိုက်နေကြတယ်။ လေးစားပါတယ်ရဲဘော်။ အမြန်ဆုံးသက်သာပါစေကွာ။”ဟု မုံရွာခရိုင်တပ်ရင်း(၄)က ရေးသားထားသည်။

ရဲဘော် ICအား မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ စစ်သား ၇ ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရကာ MA 11 ၁ လက် ၊ ၅.၅၆ ကျည် ၁၇တောင့် ၊ Carbine ၁လက် ၊ Carbine ကျည် ၂၅တောင့် သိမ်းဆည်းနိုင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *