Uncategorized

ဝမ်းသာလိုက်တာ

သံတွဲ သူဌေးရေအားလျှပ်စစ်စီမံကိန်းနဲ့ အနီးအနားဒေသတွေကို AA သိမ်းပိုက် ထိန်းချုပ်

ကံ့ကော်နီနီ ၊ နိရဉ်စရာ ၊ ဇွန် ၅ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်ထဲက သူဌေးရေအားလျှပ်စစ်စီမံကိန်းနဲ့ အနီးအနားဒေသတွေကို အာရက္ခတပ်တော်(AA) က သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်က မေလအတွင်း သူဌေးရေအားလျှပ်စစ်အနီးဝန်းကျင်မှာ တည်ရှိတဲ့ ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ရွှေလှေ၊ ကျောင်းကုန်း၊ ဆူးပုတ်ကုန်း၊ လင်းသီကျေးရွာတွေမှာ ရှိတဲ့ စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းတွေနဲ့ အထိုင်စွဲထားတဲ့ တပ်တွေကို အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် လက်ရှိ အချိန်မှာ အဲဒီ ဒေသတွေကို AA က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောဆိုပါတယ်။

” ရေအားစီမံကိန်းနဲ့ အနီးဝန်းကျင်တွေမှာ စစ်တပ်တွေမရှိတော့ဘူး။ သူဌေး ရေအားထဲမှာလည်း မရှိတော့ဘူးလို့ ကြားတယ်။ တိုက်ပွဲက အတော်ပြင်းထန်ဖြစ်ခဲ့တာ။ စစ်ကောင်စီဘက်က အကျဆုံး များခဲ့တယ်။ အကျဆုံးများပြီး စစ်တပ်ကဆုတ်ခွာထွက်ပြေးသွားတာ။ တချို့တပ်တွေဆိုရင် ရိုးတောင်ကိုကျော်ပြီးထွက်ပြေးတယ်လို့သိရတယ်။ လက်ရှိမှာတော့ AA က ထိန်းချုပ်ထားနိုင်ပြီပေါ့။”

အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူဌေးရေအားလျှပ်စစ်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မုန်တိုင်းနဲ့ မိုးရွာနေချိန် ရာသီဥတုအကာကွယ်ယူကာ ဆုတ်ခွာထွက်ပြေးသွားပြီတယ်လို့ ဇွန်လ ၃ ရက်က VOA သတင်းဌာနနဲ့ သီးသန့်မေးမြန်းမှုမှာ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *