Uncategorized

ရိုးမဘဏ် သူဌေး စိသွားပြီလို့ ကြားတယ်

ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို စစ်ကောင်စီက ဖမ်းနေ၊ ရိုးမဘဏ်သူဌေး ဦးသိမ်းဝေလည်း ဖမ်းခံရဟု ကောလာဟလထွက်
—————–
နိုင်ငံခြားအရန်ငွေ ခန်းခြောက်လာနေ၍ ပြည်ပသို့ ဒေါ်လာစီးထွက်မှုကို နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ်နေသော စစ်ကောင်စီသည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူသူများနှင့် အကျိုးဆောင်လုပ်သူများကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက နိုင်ငံပိုင်ရုပ်သံသတင်းဌာနများမှတစ်ဆင့် ယမန်နေ့ညက ကြေညာခဲ့သည်။

ထို့အတူ စစ်ကောင်စီက ဖမ်းဆီးထားသူများအနက် မြန်မာ့အိမ်ခြံမြေကဏ္႑တွင် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသိမ်းဝေ ခေါ် Serge Pun နှင့်အတူ ၎င်း၏ ကုမ္ပဏီများဖြစ်သော Yoma Land နှင့် ရိုးမဘဏ်မှ ဒါရိုက်တာအဆင့်ရှိသူ ၈ ဦးလည်း မေးမြန်းစစ်ဆေးခံနေရကြောင်း အတည်မပြုနိုင်သော သတင်းများလည်း ပေါ်ထွက်နေသည်။

#MyanmarNow

Leave a Reply

Your email address will not be published. Required fields are marked *