Uncategorized

မင်းကင်း မောင်မြင့် ရေ

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့်
ပျူငါးဦးလက်နက်ချ အလင်းဝင်

ဇန် ၂ ရက်

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူစောထီးငါးဦးသည် လက်နက်များယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာခဲ့သည်။

ခြောက်ဦးစလုံးသည် မေလ နောက်ဆုံးပါတ်အတွင်း အလင်းဝင်လာခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စစ်တပ်ကဝင်တာက စစ်ကြောင်းကနေဝင်လာတာ။ ပျူစောထီးငါးယောက်ကတော့ ရွာဘက်ကနေ ဝင်တာ။ နှစ်ဦးက သေနတ်ယူလာတယ်။ အခု သူတို့အားလုံး ဘေးကင်းတဲ့နေရာရောက်ပြီ”ဟု အထက်ပါ PDFကပြောသည်။

မင်းကင်းမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းအချို့ ရှိနေပြီး လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မင်းကင်းနယ်မှနာမည်ကြီးပျူရွာဖြစ်‌ သော ဖက်ခပ်ရွာကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းများနှင့် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ
ပျူ စောထီးလေးဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသူများတွင် ပျုစောထီးအဖွဲ့ဦးဆောင်သူအချို့ ပါဝင်ပြီးစစ်တပ်ကရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

(မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိပျူစောထီးစခန်း​ကို
S.R.F(Student’s Revolutionary Force) ၂၀၂၃ ဇွန်လ ၈ ရက်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး​နောက် ပျူ​စောထီးများကို ဖမ်းမိခဲ့စဉ်။ ။ဓါတ်ပုံ-S.R F)
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *