Uncategorized

ကဲ . . . ရန်ကုန်တော့

အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Together Urban Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။

မေလ ၃၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီး ရပ်ကွက်နေပြည်သူများအပေါ် ဆက်ကြေးကောက်နေသော အနောက်ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force အဖွဲ့မှ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ပါစေအုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ ၏ ထိ ခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်တဲ့နေရာမှာ မိဘပြည်သူတွေရဲ့ အကူညအညီလိုအပ်နေပါတယ်။ အဓိကလိုအပ်နေတာကို ကူညီပေးစေချင်ပါတယ်” Together Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လုံး၀အုပ်ချုပ်ခွင့်မရရန် စစ် ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဖြစ်ပြီး ပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ပက်သက် သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် တွေ့ရသည့် ဘန်ကာတချို့။

Leave a Reply

Your email address will not be published. Required fields are marked *