Uncategorized

ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ

ဗန်းမောက်တွင် တပ်မ(၇၇)လက်အောက်ခံ ခမရ(၈)မှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ

ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့တွင်တာဝန်ကျနေသည့် စစ်ကောင်စီ​၏ တပ်မ (၇၇)လက်အောက်ခံ ခမရ(၈)မှ ဒုတပ်ကြပ်တစ်ဦး ဗန်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့သည်။

ခမရ(၈)မှ စစ်ကြောင်းသည် ဗန်းမောက်မြို့ မြနန္ဒာဘုန်းကြီးကျောင်းတွင် တပ်စွဲထားစဉ် ဒုတပ်ကြပ်ကျော်‌ဇောလင်းသည် မေလ ၂၄ ရက်ညက ထွက်ပြေးလာပြီး အလင်းဝင်လာခြင်းဖြစ်သည်။

” တပ်က‌နေထွက်ပြေးပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံဖို့ ကြိုးပမ်းလို့ ညှင်းပန်းခံရတယ်။ သတ်ဖြတ်ဖို့အထိကြံစည်လာလို့ထွက်ပြေးခဲ့တာလို့ ပြောတယ်”ဟု ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူကပြောသည်။

ဒုတပ်ကြပ်ကျော်‌ဇောလင်းသည် (၃၈)နှစ်ရှိပြီး ဧရာဝတီတိုင်း မအူပင်မြို့ဇာတိဖြစ်သည်။

၎င်းသည် လက်ပစ်ဗုံးတစ်လုံးနှင့်ကျည်တစ်တောင့်ယူဆောင်လာပြီး အလင်းဝင်လာခြင်းဖြစ်သည်။

ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ မြို့ပေါ်၌ စစ်ကောင်စီတပ်ရင်းများမရှိသော်လည်း ဌာနဆိုင်ရာရုံးအချို့၊ ဘာသာရေး အဆောက်အအုံအချို့၌ တပ်စွဲပြီး ခုခံစစ်အတွက် ပြင်ဆင်နေသည်။

စစ်ကောင်စီသည် ဒေသတွင်း၌နေထိုင်သော ရှမ်းနီလူမျိုးများအား ကချင်လွတ်လပ်‌ရေးတပ်မတော် (KIA)နှင့် PDFအကြောင်း လူမျိုးရေးအမုန်းစကားများဖြန့်ဝေကာ လူသစ်စုဆောင်းနေကြောင်းဒေသခံများက ပြောသည်။

(အလင်းဝင်ရောက်လာသည့် ဒုတပ်ကြပ်ကြီးအား တွေ့ရစဉ်)

Leave a Reply

Your email address will not be published. Required fields are marked *