Uncategorized

တစ်ကွက်ပြပြီဟေ့

ရန်ကုန်မြို့တွင် “သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း” ဘန်နာချိတ်ဆွဲ

သုည/People’s Spring

ရန်ကုန်မြို့ ခုံးကျော်တံတားတစ်ခုပေါ်တွင် ယနေ့ (မေလ ၂၅) ညနေက တော်လှန်လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒပြခဲ့ကြသည်။

ယင်းလူငယ်များက “သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း” စာသားပါ ဘန်နာချိတ်ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတေကာများ ကပ်ခြင်း၊ စာရွက်ကြဲခြင်း စသည့် လှုပ်ရှားမှုများ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်များသပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ရည်ရွယ်ကြောင်း တော်လှန်လူငယ်များက ဆိုသည်။

ဓာတ်ပုံ – ABFSU

Leave a Reply

Your email address will not be published. Required fields are marked *