Uncategorized

ယနေ့ ရွှေဈေးကြီး

Breaking News- ကမ်ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေဈေး ၅၁ သိန်း ၂ သောင်း အထိ စံချိန်ထိုးတက်ပြန်၊ ရွှေဆိုင်အများစုက ရွှေဆက်မရောင်းတော့ဘဲ ပြန်လည်ဝယ်ယူမှုသာလုပ်တော့

ရန်ကုန်၊ မေ ၂၀

ကမ်ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေဈေးမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၁ သိန်း ၂ သောင်းအထိ စံချိန်တင် ထိုးတက်သွားကြောင်း သိရှိရသည်။

မေလ ၂၀ရက်နေ့တွင် ကမ်ဘာ့ရွှေဈေးနှုန်းသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၃ အထိ စံချိန်တင် ထိုးတက်သွားဖြင့် မြန်မာ့ရွှေဈေးနှုန်းပါ ၅၁ သိန်း ၂ သောင်းကျော်အထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ၄၀၅၀ ကျပ်ဝန်းကျင်တွင် ဈေးရှိနေကြောင်း သိရှိရသည်။

“အောင်သမာဓိက မရောင်းတော့ဘူး။ အရောင်းပိတ်တယ်။ ရွှေအဝယ်ပဲ ပြန်လက်ခံတယ်။ နောက်တစ်ခါ အခြား ရွှေဆိုင်တွေလည်း အရောင်းပိတ်တယ်။ သူတို့ကပဲ ပြန်ဝယ်တယ်။ မိုးတွင်း ရွှေရှားတော့မှာ ကြောင့်လည်းပါမယ်။ ရွှေဆိုင်တွေ အရောင်းပိတ်ရင်တော့ ဈေးက အမြင့်ပိုင်းထက်ဖို့ သေချာနေတယ်လို့ ပြောရမှာပေါ့” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ရွှေဈေးကွက်တွင် ရွှေကုန်သည်များ မလာကြဘဲ ဈေးကွက်ကို မိုဘိုင်းလ်ဖုန်းများဖြင့်သာ ချိတ်ဆက်ဆောင်ရွက်ကြကြောင်း၊ စစ်ကောင်စီကလည်း ရွှေဈေးတက်မှုကြောင့် ရွှေကုန်သည်တချို့ကို အရေးယူရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *