နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ
~~~
◼ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၂ ရက် ညနေ ၆ နာရီ အထိ သေဆုံးသူ ၃၀၀၃ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီ ၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
နိုင်ငံတစ်ဝန်း ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄၅၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၅၁ ဦးအထိ ရှိတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် လူနေအိမ် ၂၁၇၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁၀၄၁ ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၉၁၂ ကျောင်း၊ ဘုရားစေတီ ၁၆၉၀ ဆူ၊ အခြား ဘာသာရေး အဆောက်အဦ ၃၁၂ လုံးနဲ့ ဆေးရုံဆေးခန်း ၄၈ လုံးပျက်စီးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ငလျင်လှုပ်ခတ်ပြီး အချိန်တစ်ပတ်ခန့်ကြာလာတဲ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြရဆဲလည်းဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ ရှာဖွေရေးတွေမလုပ်နိုင်သေးတဲ့ နေရာတွေလည်း အများအပြားကျန်နေသေး တာကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ချက်ပါအရေအတွက်ထက် ပိုများနိုင်တယ်လို့ ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။
____________________
မန္တလေးမြို့ မှာ ငလျင်ကြောင့်ပြိုကျပျက်စီးသွားသည့် TULIP တည်းခိုခန်းမှ ရုပ်အလောင်းတစ်ခုအား ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့က သယ်ထုတ်လာကြစဉ်။ (Photo: Myanmar Fire Services Department)
#ငလျင် #မန္တလေး #သဘာ၀ဘေး #rfaburmese #လွတ်လပ်တဲ့အာရှအသံ