Uncategorized

ဧလာလေဆိပ်

နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရဟုဆို

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက် ခိုက်ခဲ့ရာ လေယာဉ်သိုလှောင်ရုံနှင့် ထိန်းချုပ်ခန်းအဆောက်အအုံတို့ ထိခိုက်မီးလောင်ပျက်စီးပြီး စစ်သား ၆ ဦး ဒဏ်ရာရကြောင်းBrave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည် တော် အေ လာလေတပ် စခန်းကို နယ်မြေလုံခြုံရေးတင်းကြပ်မှု၊ ရာသီဥတုအခြေအနေဆိုးရွားမှု စသော အခက် အခဲများကြားက ၁၀၇ မမရှော့ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေပြည်တော် အေလာ စစ်တပ် လေ ဆိပ် လေယာဉ်သိုလှောင်ရုံ အဆောက်အဦ ၁ ခု ထိခိုက် မီး လောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လေ ဆိပ်ဝန်းရှိ လုံခြုံရေးအဖွဲ့များ၏ လုံခြုံရေးစောင့်ကြည့်ကင်မရာ ထိန်းချုပ်ခန်းရှိရာ အဆောက် အဦးလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ လေ ယာဉ်ပြေးလမ်းထိပ် လုံခြုံ ရေးကင်းသားများရှိရာ အဆောက်အဦလည်းထိမှန် ပျက်စီးပြီး လေတပ် အစောင့်ကင်းသား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခြား သတင်းရင်းမြစ်တွေထံက စုံစမ်းသိရှိရမှုအရ အခုထက်ပိုတဲ့ ပျက်စီးမှုတွေရှိတယ်လို့ ကြား သိရ ပေမယ့် ပိုမိုခိုင်မာသေချာစေဖို့အတွက် ရရှိထားတဲ့ထဲကနေ ဘုံတူညီတဲ့ အချက်အလက်တွေကို သာ ထုတ်နှုတ်ပြီး ထုတ်ပြန်လိုက်တာပါ”ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Black Leopard (ကျားသစ်နက်)အဖွဲ့မှ BWM Mission 33 အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့မှစတင်ခဲ့သော ငလျင်ဘေးကြောင့် စစ်ကိုင်း၊ မန္တလေး နှင့် ပဲခူးတိုင်းဒေသအချို့ရှိ ပြည်သူအများအပြား ဒုက္ခ ပင်လယ်ဝေနေချိန်မှာပင် စစ်ရှုံးကောင်စီသည် မြန်မာပြည်အနှံအပြားရှိ ပြည်သူများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲ သတ်ဖြတ်မှု အကြိမ်ပေါင် ရာချီရှိနေခဲ့ပြီဖြစ်ပြီး ပြည်သူများ လည်း ရာနဲ့ချီသေဆုံးခဲ့နေခဲ့ရပြီဖြစ်ကြောင်း သိရသည်။

ထို့သို့ စစ်ရှုးကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအချို့ရှိခဲ့သော နေပြည်တော်အေလာ လေဆိပ် ကို အပျက်အစီးများကြားမှပင် ပြည်သူများကို သတ်ဖြတ်ဖိုရာ ဆက်လက်အသုံးပြုနေသေး သည့် အ တွက် ကျွန်ုပ်တို BWM နှင့်မဟာမိတ်အဖွဲများက ရန်သူလေတပ်နှိမ်နင်းရေးနှစ်သစ်ကူးလက်ဆောင် BWM Mission 33 ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ- နေပြည်တော်အေလာလေတပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *