Uncategorized

လက်ကျိုးဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည် လက်ကျိုး၍ ကုသမှု့ ခံယူနေရ
———————————
စစ် ကိုင်း ငလျင် လှုပ်ခတ်မှု့တွင် နေပြည်တော်အနှံ့
ထိခိုက်ခဲ့ပြီး နေပြည်တော်တွင်းရှိ ဝန်ထမ်းအိမ်ယာနှင့်
အထပ်မြင့် အဆောက်ဉီးများ အပါဝင်
ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၄၈၉ ယောက်ရှိကြောင်း
သိရသည်။
အဆိုပါ သေဆုံးမှု့ထဲတွင် အတွင်းဝန် အဆင့်နှင့်
ညွန်မှုး အဆင့်များပါဝင်ပြီး သာမန်ဝန်ထမ်းများလည်း
ထိခိုက်မှု့ရှိပြီး ဝန်ထမ်း မိသားစုအချို့လည်း သေဆုံးခဲ့သည်။
နေပြည်တော်တွင် ထိမ်းသိမ်းခံထားရသော
ပြည်သူ့ အစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ်
နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်နေသူ
နိုဘဲငြိမ်းချမ်းရေး ဆုရှင် ဖြစ်သူ ‌ဒေါ်အောင်ဆန်းစုကြည်အား
သီးသန့် နေအိမ် နှစ်ထပ်ဆောင်တစ်တခုသို့ ပြောင်းရွေ့ထားခဲ့သည်။
စကစမှ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်
ဒေါ်အောင်ဆန်းစုတို့အား နေပြည်တော် အကျဉ်းထောင်တွင်
တွေ့ဆုံခဲ့ခြင်းမဟုတ်ပဲ နေပြည်တော်တွင်းရှိ
သီးခြား နှစ်ထပ်အိမ်ဆောင်တွင် တွေ့ခဲ့ပြီးနောက်
အဆိုပါ နေအိမ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံခဲ့သော နေရာဖြစ်သည်။
အဆိုပါ နေရာသည် ဝန်ကြီးများ နေထိုင်သော
အိမ်ယာဝန်းကျင်ဖြစ်ပြီး ယခု
စကစ ပြန်ကြားရေးဆိုင်ရာ ‌တာဝန်ထမ်းဆောင်နေသော
ဗိုလ်ချုပ် ဇော်မင်းထွန်း အသစ် သုံးထပ် တိုက်ဆောက်ထားသည့်
ရပ်ကွက်ဖြစ်သည်။
မတ်လ ၂၈ တွင် စစ် ကိုင်း ငလျင် လှုပ်ခတ်သော ကာလတွင်
ဒေါ်အောင်ဆန်းစုကြည်သည် တရားမှတ် လမ်းလျောက်နေသော
အချိန်ဖြစ်ပြီး ထိုအချိန် အဆိုပါအိမ်၏
ပထမ မြေညီထပ် မြေထဲသို့ ထက်ဝက်ကျော်ကျော်
နစ်ဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော
ဒုတိယထပ် ပြိုကျရာမှာ ထိခိုက်ခဲ့ပြီး
ဘယ်ဘက် လက်တဖက် လက်ဖျံကျိုးခဲ့ကြောင်း
မြန်မာ အမေရိကန် သတင်းဌာနမှ စုံစမ်းရရှိခဲ့သည်။
သို့ဖြင့် စကစမှ နိုင်ငံတော်၏ အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်အား ဆေးကုသမှု့ ပေးထားသည်ကို
သတင်း အမှောင်ချထားခြင်း ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၈ ရက် မြန်မာ စံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်မှ
၁၂ နာရီ ၅၅ မိနစ်အတွင်း လှုပ်ခတ်ခဲ့သော စစ် ကိုင်း ငလျင်သည်
လူဉီးရေ သုံးသန်းခန့် ထိခိုက်ခံစားခဲ့ရပြီး
စကစ အုပ်ချုပ်သော နေပြည်တော်အဆောက်ဉီး
အလုံးပေါင်း ၂၀၁၅ လုံး ပျက်စီးခဲ့သည်။
မြန်မာ အမေရိကန် သတင်းဌာန
ဂိုလ်ရှယ်လေး

မှတ်ချက် မြန်မာ အမေရိကန် ရုပ်သံ သတင်းဌာနမှ
စုံစမ်းရရှိသော သတင်းအချက်လက်အား
မြန်မာပြည်သို့ရောက်ရှိနေသည့် ကုလ အတွင်းရေးမှူး
အထူး ကိုယ်စားလှယ် ဂျူလီဘီးရှော့ ထံသို့ ပေးပို့ခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ တွေ့ဆုံနိုင်ဖို့
တောင်းဆိုသင့်ကြောင်း အကြံပြုထားပါသည်

Leave a Reply

Your email address will not be published. Required fields are marked *