Uncategorized

ရင်ထဲတောင်နင့်သွားတယ်

လက်ပံလှ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၇ ဦးထိရှိလာ

ဂျူချန်း

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာဈေးဆိုင်တန်းအား စစ်ကောင်စီတပ်မှလေ ကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၇ ဦးထိရှိလာပြီး ပြင်းထန်ဒဏ်ရာရရှိထားသူများလည်းရှိ ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)ထံမှ သိရသည်။

“နောက်ဆုံးရထားတဲ့ သတင်းအချက်အလက်အရ ကလေးငယ်ခြောက်ဦးအပါအဝင် သေဆုံးသူ ၂၇ ဦးထိ ရှိပြီဗျ။ ဒဏ်ရာပြင်းထန်သူတွေလည်းရှိနေပါသေးတယ်” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော် စမွန်က မဇ္ဈိမကို ယနေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်းတွင် ပြောသည်။

အတည်ပြုထားနိုင်သည့် သေဆုံးသူ ၂၇ ဦးအနက် ကလေးခြောက်ဦးပါဝင်ပြီး ကျား၊ မ မခွဲခြားနိုင်သေး ကြောင်း ဆိုသည်။

မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လူစည်ကားရာ လက်ပံလှကျေးရွာဈေးဆိုင်တန်းကို စစ်ကောင် စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက်သူများသည် အရပ်သားများ သာဖြစ်ကြောင်း သိရသည်။ လူစည်ကားရာနေရာကို အရပ်သားများစုစည်းနေချိန်တွင် ဗုံးကြဲချတိုက်ခိုက် ခဲခြင်းဖြစ်၍ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးရခြင်းဟု ကိုအော်စမွန်က ပြောသည်။

“မိုးကုတ်-မန္တလေးလမ်းမပေါ်မှာရှိတဲ့ လက်ပံလှဈေး လူစည်ကားရာ ဈေးဆိုင်တန်းကို တည့်တည့်ထိမှန် ခဲ့တဲ့အတွက် ပြည်သူတွေ၊ ဈေးရောင်းဈေးဝယ်တွေ ထိခိုက်ဒဏ်ရာရမှု များပြားခဲ့ရတာပါ” ဟု ဆိုသည်။

လက်ပံလှဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရသူ ၃၀ ဦးထက်မနည်းရှိပြီး ယင်းအနက် ပြင်းထန် ဒဏ်ရာ ရရှိထားသူများလည်းရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုမတိုင်မီ မတ်လ ၄ ရက်ကလည်း လက်ပံလှကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထား သည်။

လက်ပံလှကျေးရွာသည် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စည်ကားလှသည့် ကျေးရွာကြီးတခုဖြစ် ကြောင်းနှင့် ယခုကဲ့သို့ လူစည်ကားသည့်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သွား သည့်စစ်ကောင်စီကို ယခုချိန်ထိ အသက်ဆက်ပေးနေကြသူများသည်လည်း စစ်ရာဝတ်မှုများကို သွယ် ဝိုက်သောနည်းဖြင့် အားပေးကူညီနေကြခြင်းဖြစ်ကြောင်း MDY-PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာ စိုးသူရ ဇော်က ၎င်းလူမှုကွန်ရက်တွင် သတိပေးထားသည်။

စဉ့်ကူးမြို့နှင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ထို့နောက် စစ်ကောင်စီသည် ထိန်းချုပ် မှုဆုံးရှုံးထားရသည့်နယ်မြေများတွင် ပြည်သူများကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ မကြာ ခဏပြုလုပ်နေခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

ပုံအညွှန်း – မတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံလှကျေးရွာ ဈေးဆိုင်တန်းများ မီးလောင်ပျက်စီးနေပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *