Uncategorized

အချင်းချင်းညှိမရလို့

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

အောက်တိုဘာလ ၂၇ ရက်

အမ်းမြို့နယ်၊အမ်းမြောက်အုပ်စု၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ် တော်(AA)က အောက်တိုဘာလ ၂၇ ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေတုန်းပဲလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့အမ်းဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းအများစုကို အာရက္ခတပ်တော်က ပိတ်ဆို့တိုက်ခိုက်နေသလို အမ်းမြို့ပတ်ပတ်လည်ကုန်းလမ်းအားလုံးကိုလည်း ပိတ်ဆို့ထားပြီးမို့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ ရတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းနဲ့အမ်းဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူတွေများပြားနေကြတာမို့ ထွက်ပြေးနေကြသလို လက်နက်ချအညံ့ခံကြမယ့်ကိစ္စမှာ တပ်ဖွဲ့ဝင်တွေညှိမရကြလို့ စစ်ကောင် စီတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုတွေထိဖြစ်နေကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတ ယ်။

အဆက် –

Leave a Reply

Your email address will not be published. Required fields are marked *