Uncategorized

ဆုတောင်းမပြည့်ခဲ့ဘူး

မင်းကင်းနယ် တိုက်ပွဲမှာ ကျောင်းသားတော်လှန်ရေးတပ်တော် ဒုစစ်ရေးတာဝန်ခံ ကျဆုံး

ကိုသူ/MFP ၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မအူကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲ အတွင်း ကျောင်းသားတော်လှန်ရေးတပ်တော် ( SRF) ဒုတိယစစ်ရေးတာဝန်ခံတစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေဟာ မတ်လ ၇ ရက်မှာ မင်းကင်းမြိုပေါ်ကနေ မအူကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက် လာရာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ကျောင်းသားတော်လှန်ရေး တပ်တော် (SRF) ဒေသ (၂) ဒုတိယစစ်ရေး တာဝန်ခံ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး အောင်မင်းသူ (ခ) ရဲ ဘော် ဂြိုလ်မင်း ကျဆုံးခဲ့တာလို့ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“အဲ့ဒီ နေရာက ပျူစောထီးလောက် ရှိတာဆိုတော့ မြို့ပေါ်ကနေဆင်းခဲ့တာ ၊ထိတွေ့တိုက်ပွဲလို့ သိရတယ်။ ကင်း ပုန်းချင်း၊ ကင်းပုန်းချင်း တွေ့တဲ့ သဘောပါ။ ကျနော်တို့ ရဲဘော်တစ်ယောက် ကျတယ်ဗျ” လို့ အဆိုပါ စစ်ရေး သ တင်းရင်းမြစ်က ဆိုပါတယ်။

တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ SRF ဒေသ (၂) ဒုစစ်ရေးတာဝန်ခံဟာ ရန်သူ့သေနတ်ကျည်ဆံ ထိမှန် ကျဆုံးခဲ့တာ ဖြစ် တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်ကြီး အောင်မင်းသူ (ခ) ရဲဘော် ဂြိုလ်မင်း ရဲ့ ရုပ်အလောင်းကို တော်လှန်ရေးအင်အားစုတွေက ပြန်လည်သယ်ယူခဲ့ပြီး မတ်လ ၉ ရက် မနေ့က နာရေးပြုလုပ်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“ကျနော်တို့မှာလည်း ကျနော်တို့မှာ တာဝန်ရှိတာဆိုတော့ တစ်အိမ်ကို သဒ္ဒါ သလောက် ကောက်ပြီး ၊ သူ့ရဲ့ မိဘများ ကိုသူ့အတွက် ကျနော်တို့ ရွာအနေနဲ့ တတ်နိုင် သလောက် ထောက်ပံ့ရတာ ပေါ့ဗျာ” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဗိုလ်ကြီး အောင်မင်းသူ (ခ) ရဲဘော် ဂြိုလ်မင်း ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကျောင်းသားတော်လှန်ရေးတပ်တော် ( SRF)က “ရဲဘော်ဂြိုလ်မင်း၏ ကျဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ရဲဘော်ဂြိုလ်မင်း၏ ရဲစွမ်းသတ္တိ ၊ ပေးဆပ်မှုနှင့် စွန့်လွှတ် အနစ်နာခံမှုတို့ကို ကျွန်ုပ်တို့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)ရှိ ရဲ ဘော်အားလုံးမှ အစဉ်အမြဲ အမှတ်ရရှိနေပါမည်။ ရဲဘော်ဂြိုလ်မင်း၏ တာဝန်များကိုလည်း ကျွန်ုပ်တို့ ကျန်ရှိသည့် ရဲဘော်များမှ ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားပါမည်”လို့ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။၊

မင်းကင်းမြို့နယ်အတွင်းမှာတော့ အာဏာသိမ်းလေးနှစ်ကျော် စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ပွားခဲ့ တဲ့တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော် ၁၀၀ ကျော် ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ကျဆုံးခဲ့တဲ့ ဗိုလ်ကြီး အောင်မင်းသူ (ခ) ရဲဘော် ဂြိုလ်မင်းဈာပနအခမ်းအနား ပြုလုပ်နေစဉ်/ ဓာတ်ပုံ-SRF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Leave a Reply

Your email address will not be published. Required fields are marked *