Uncategorized

ဆုတောင်းမပြည့်ခဲ့ဘူး

မိုးကုတ်မြို့ကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါး ကျဲချမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းတွင် TNLA တအာင်းတပ်က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါး ကျဲချခဲ့ရာ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း TNLA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၈ မိနစ်မှ ၀၀ နာရီ ၃၇ မိနစ်အချိန်အထိ မိုးကုတ်မြို့ အနောက်ပိုင်း၊ ဝင်းထရံ လုပ်ကွက်ကို Y 12 လေယာဉ်ဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကျဲချခဲ့ကြောင်း၊ စုစုပေါင်း ဗုံးအလုံးရေ ၂၈ လုံး ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦး အသက်ဆုံးရှုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

TNLA ၏ သတင်းထုတ်ပြန်ချက်တွင်လည်း ယနေ့ နံနက် ၁ နာရီအချိန် မိုးကုတ်မြို့ နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အသေးစိတ်ကို ထပ်မံ သတင်းဖော်ပြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း အကြမ်း ဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၂၀ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုတွင် စစ်တပ်က မိုးကုတ်မြို့ ဂေါက်ကွင်းကို ဗုံး ၁၄ လုံးနှင့် မစိုးရိမ်ကျောင်းတိုက်ကို ဗုံး ၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဉ် ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *