စလင်းတွင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး အိမ်ခြေ ၃၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်မှု စစ်သား ၃၀ ကျော်သေဆုံးဟုဆို ရန်ကုန်၊ မေ ၂၇ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ပြည်သူ့နေအိမ် ၃၀၀ နီးပါးကို မီးရှို့ ဖျက်ဆီးခဲ့သည့် စစ်တပ်စစ် ကြောင်းအား လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံး ခဲ့ ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ မေလ ၁၃ ရက်နေ့ အင်အား ၂၅၀ ခန့်ဖြင့် စလင်းမြို့မှ အနောက်ကန်ဘောင်လမ်းအတိုင်း ဝမ်းပြည့် ကျေးရွာဘက်မှတဆင့် ဝင်ရောက်လာသော ပခုက္ကူမြို့တပ်မ […]
Month: May 2025
ရဲဘော် ၁ထောင်ကျော်
တော်လှန်ရေးကာလ ၄ နစ်တာ အတွင်း ပကဖ ရဲဘော် ၁ထောင်ကျော် ကျဆုံးခဲ့ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်နေ အသိပေးထားပါတယ် PDF စစ်ရုံးအစီရင်ခံစာအရ ၂၀၂၄ ခုနစ် တစ်နှစ်အတွင်း ပကဖ ရဲဘော် ၂၀၀ ကျော် ကျဆုံးခဲ့ပြီ ၄ နစ်တာ ကာလ အတွင်းမှာ ၁၀၀၀ ကျော်ပြီလို့ ခေါက်တာ တူးခေါင်ကဆိုပါတယ် အွန်လိုင်းပေါ်မှာတော့ ပကဖတွေ ဆိုးတဲ့ အကြောင်း ပသုံးလုံးတွေရဲ့ မကောင်းသတင်းပဲ များသောအားဖြင့် တွေ့ရပါလိမ့်မယ် […]
ပျော်လိုက်တော့
■ စစ်ကောင်စီ စစ်ရဟတ်ယာဉ် သုံးစီးအနက် ၂ စီး ပစ်ချခဲ့ကြောင်း KIA အတည်ပြု Western News| မေ ၂၀ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးအနက် နှစ်စီးကို ပစ်ချခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အတည်ပြု ပြောဆိုလိုက်သည်။ ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်း သို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း ဆိုသည်။ ထို့အပြင် အခြားရဟတ်ယာဉ် […]
အမေ့ သားတွေ
ရန်ကုန်၊ သံလျင်တံတားအဆင်းတွင် ဆက်ကြေးကောက်နေသော စစ်သားနှင့် ရဲများကို မိုင်းခွဲမှု ထိခိုက်သေဆုံးမှုရှိနိုင် ရန်ကုန်၊ မေ ၂၁ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Operation Flame – OF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ကသန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီး၌ ပြည်သူ့ကားများကို အမြဲတမ်း ဆက်ကြေး ကောက်နေကြသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် လုံခြုံရေးယူပေးနေ သော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း […]
တောင်ငူ ဌက်ကင်ရပြီ..
တောင်ငူ ဌက်ကင်ရပြီ..
ပျူ(၅၀)ကျော် ကျဘီ
#မြင်းခြံကေ့လင်းပြီ💪💪💪 မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၁၂ ခုကို ခရိုင်အဆင့် စစ်ဆင်ရေး အဖြစ် တပြိုင်တည်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ မေ- ၂၄ ရက် ၉/အညာမြေ စစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက စစ်အုပ်စုနဲ့ ပျူစောထီး စခန်းတွေကို မေလ ၁၅ရက်က စလို့ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၅၀ ကျော် သေပြီး လက်နက် ၂၇ လက် သိမ်းဆည်း ရရှိတယ်လို့ ၉/ အညာမြေ စစ်ဆင်ရေးက သတင်း ထုတ်ပြန်ပါတယ်။ တိုက်ပွဲ ဖြစ်ပွားနေချိန် […]
ရုတ်တရက်ကြီး မထင်ရဘူး
တတိယနိုင်ငံတော်ကြီးမှာကျန်းမာရေး အခြေအနေ.ဆို÷ဝါးနေတာကြောင့် ဆေးရုံမှာ ဆေးကုသမူ့ ခံယူနေရတဲ့ ပရိတ်သတ်အချစ်တော် မင်းသားကြီး ကိုပေါက် အမြန်ဆုံးသက်သာနိုင်အောင်ဆုတောင်းစကားလေးပြောပေးခဲ့ကြပါအုံးရှင့်✨️✨️ #localcelebritiesplus #ကိုပေါက
မကွေးသားတွေ
စလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက် မေ ၂၄ ရက် မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့မရဲစခန်း၊ စုပေါင်းရုံးနှင့် လင်းဇင်ရဲစခန်းတို့ကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၂၄ ရက် နံနက်အစောပိုင်း ၃ နာရီခန့်အချိန် စလင်းမြို့မရဲစခန်း ဗဟိုကင်းအဆောက်အအုံ ကို RPG7 ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ စလင်းမြို့နယ် စုပေါင်းရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ထပ်မံဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ “ဗဟိုကင်းကို အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်၊ စခန်းရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ စစ်ကားတွေ ထပ်မံ အင်အားဖြည့် တင်းနေပါတယ်” […]
ပုစဥ်း နောက်တစ်ကင်တဲ့ဟေ့
ရွှေကူ၌ အရေးပေါ်ဆင်းသက်သည့် စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၂၀ ရက်တွင်ပစ်ချခဲ့သည့်စစ်ကောင်စီ၏ရဟတ် ယာဉ် ၂စီးအနက် ရွှေကူမြို့၌ အရေးပေါ် ဆင်း သက်ခဲ့ရသည့် ရဟတ်ယာဉ်ကို ယနေ့(မေလ ၂၁ရက်) မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁၁) ရဲဘော်များက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြော သည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ကျန်စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)သို့ စစ်ကူလာပို့သည့် ရ ဟတ်ယာဉ် ၃စီးအနက် ၂စီးကို KIAက ပစ်ခတ်ခဲ့ရာ တစ်စီးသည် ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် ပျက်ကျခဲ့ပြီး တစ်စီးသည် ရွှေကူမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။ “မနေ့ကရွှေကူမြို့ ခလရ(၅၆)မှာသွားဆင်းတဲ့ ရဟတ်ယာဉ် MI−17ကို ဒီကနေ့ ညနေပိုင်း […]
လင်းလိုက်ပြီဟေ့
KIA က ယမန်နေ့တွင် ပစ်ချခဲ့သော ရဟတ်ယာဉ် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်း ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၁ KIA က ယမန်နေ့တွင် ပစ်ချခဲ့သော ရဟတ်ယာဉ် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား အလောင်း ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ မေလ ၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စကခ ၂၁ အတွင်းသို့ စစ်ကူ အင်အားလာဖြည့်သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ် […]