မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွား ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးပြီး ခမရ ၃၁၃ တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ရွာတွင် နယ်မှ အလုပ်လာလုပ်သော လူငယ်များ နေထိုင်သည့် လိုင်းခန်းကို ရာအိမ်မှူး ငပွေးနှင့် […]
Month: December 2024
ဗုံးသုံးလုံး ပေါက်ကွဲ
အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးသုံးလုံး ပေါက်ကွဲ ~~~ ■ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာရှိတဲ့ ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းက ဗုံးသုံးလုံး ပေါက်ကွဲခဲ့တယ်လို့ အဲဒီအနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။ မနက် ၉ နာရီ ၅ မိနစ်ခန့်မှာ ပေါက်ကွဲသံနှစ်ကြိမ် ကြားခဲ့ရပြီး မနက် ၁၁ နာရီကျော်မှာ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေရာအနီးမှာ အဆိုတော်ယုန်လေးရဲ့ နေအိမ်လည်းရှိတာကြောင့် ဒီဖောက်ခွဲမှုဟာ အဆိုတော်ယုန်လေးကို လုပ်ကြံတာလို့ စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီး ပျက်စီးပြီး လမ်းသွားလမ်းလာတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ထိခိုက်မှု အခြေအနေအတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ RFA က ဆက်လက် […]
လေတပ်ဗိုလ်ကြီး
တောင်သာတွင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကာ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် […]
ယနေ့ ည ရန်ကုန်မြို့
မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ အထူး တပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၁၀ ဦးအပါအဝင် လူငယ် အများအပြား ကို ဖမ်းဆီးသွား၊ တံခါးမဖွင့်သည့် အိမ်များကို ရိုက်ချိုးဖွင့် ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမျတ် ၂ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ အထူး တပ်ဖွဲ့က စစ်ဆင်ရေးပုံစံဖြင့် ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်လူငယ် ၁၀ ဦး အပါအဝင် လူငယ်အများအပြားကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “ဒီ မနက် ၁ နာရီလောက် ဓနသိဒိလမ်း ၂ ရပ်ကွက်ထဲကို စစ်သားနဲ့ ရဲက ရာချီတယ်။ အထူးတပ်ဖွဲ့က လူတွေတဲ့။ တိုက်တွေပေါ် […]
ဖောက်ခွဲ တိုက်ခိုက်
တောင်ငူမြို့၊ မိုင်ဒါကွင်း အတွင်း စစ်တပ်က ဦးစီးကျင်းပနေသော လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးနေသော ခပေါင်းခန်းမရုံးကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ပဲခူးတိုင်း၊ တောင်ငူမြို့၊ မိုင်ဒါကွင်း အတွင်း စစ်တပ်က ဦးစီးကျင်းပနေသော လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးလိုက်သော ခပေါင်းခန်းမရုံးကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်ဒါကွင်းအတွင်း၌ အကြမ်းဖက် စစ်တပ်က ဦးဆောင် ကျင်းပနေသည် လွတ်လပ်ရေးပျော်ပွဲရွှင်ပွဲကို […]
ရင်တွေ ကွဲရပြန်ပါပြီ
မင်းတပ်မြို့ပေါ်ရှိ ဘုရားစေတီ၊ ကျောင်းနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ခန့် ပျက်စီး ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဘုရားစေတီ၊ ကျောင်းနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မင်းတပ်မြို့သိမ်း တိုက်ပွဲကာလ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ပြည်သူပိုင် နေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ […]
ရန်ကုန်မြို့ အခြေအနေဆိုးနေပြီ
ရန်ကုန် နှင့် ပဲခူးတွင် စစ်တပ်က ပေါ်တာဆွဲမှုကြောင့် လူငယ် ၁၀ ဦး ကျော် ဖမ်းဆီးခံရသည့်အပြင် ဆယ်ကျော်သက်အရွယ် လူငယ်အများအပြားလည်း ပျောက်ဆုံးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်နှင့် ပဲခူးတိုင်း မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၁၀ ဦးကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာမြို့နယ်၊ ဓမ္မာရုံးမှတ်တိုင်အနီးရှိ ဓမ္မာရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဌ ရပ်ကွက်ထဲထိ ဝင်ရောက်ပြီး လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ “မြောက်ဥက္ကလာ […]
ဘုတလင်မှာ စစ်ကြောင်းထိုး
ဘုတလင်မှာ စစ်ကြောင်းထိုးချိန် လူတစ်ရာခန့် ဖမ်းဆီးခံရ ~~~ ■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်မှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတစ်ရာခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ အမျိုးသမီးတွေဖြစ်ပြီး မုံရွာ-ဘုတလင် ကားလမ်းပေါ်က ခရီးသည်တွေနဲ့ ကျေးရွာစိုက်ခင်းတွေမှာ လုပ်ငန်းခွင်ဝင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ မုံရွာ-ဘုတလင် ကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာချိန် အရပ်သားတွေ ဖမ်းဆီးခံရတာလို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ “ဇီးတောလောက်ကနေ ကြက်သွန်စိုက်တဲ့ သူတွေကို အရင်ဆုံး […]
စစ်သား ၄ ဦး သေဆုံး
ငါန်းဇွန်တွင် ဖောကားဖြင့် ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၂၆ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-မြို့သာ လမ်းပိုင်းတွင် ဖောကားဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ငါန်းဇွန်မြို့ပေါ်မှ မြို့သာမြို့ဘက်သို့ ဖောကား ၁ စီး ဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၄၀ ဦးခန့်ကို ငါန်းဇွန် – မြို့သာလမ်း ပိုင်းတနေရာ အ […]
မတ္တရာမြို့ လုံး
မတ္တရာမြို့နယ် မြွေပုသိမ်ရွာနှင့် မြိုင်မြို့နယ် ဝက်ပုတ်ရွာကို စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေပုသိမ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိသေးဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်ထိ ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့နေကြောင်း သိရှိရသည်။ “မြွေပုသိမ်ရွာကို […]