နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း နှင့် သက်တော်စောင့်များ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၃၀ နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်တွင် စစ်လော်ဘီအကြီးစား မင်းမင်းနှင့်၎င်း၏ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် […]
Month: November 2024
စွပု ဇာတ်သိမ်းကတော့
မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် အာဆီယံ ပါလီမန်အမတ်များအဖွဲ့က ထောက်ခံကြိုဆို ရန်ကုန်၊ နိုဝင်ဘာ ၃၀ အကြမ်းဖက်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ခိုင်ခိုင်မာမာ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ရခိုင်ပြည်မှ ရိုဟင်ဂျာကို မောင်းထုတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်လွှာတင်မှုသည် ကြိုဆိုရမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံစေသော လုပ်ရပ်လည်းဖြစ်ကြောင်း APHR က ပြောဆိုထားသည်။ APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား အောက်လွှတ်တော် အဖွဲ့ဝင် Mercy Chriesty Barends က “မင်းအောင်လှိုင်ကို […]
သူရဲကောင်းကြီး
နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း နှင့် သက်တော်စောင့်များ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၃၀ နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းမပေါ်တွင် စစ်လော်ဘီအကြီးစား မင်းမင်းနှင့်၎င်း၏ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် […]
အောက်တန်းကျ
စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်တပ်ကမီးရှို့ ■ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၆ ဦးအဖမ်းခံထားရ ပွင့်ဖြူ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၄။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီအဖွဲ့တွေက မီးရှို့ပြီးသက်ကြီးအမျိုးသမီး ၁ ဦး ကျည်ထိသေဆုံးသွားတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ဆင်လူးရွာပျူစောထီး၊ ကပစ ၂၀၊ ခလရ ၂၅၃ နဲ့ ၂၅၄ တပ်က စစ်ကောင်စီအင်အား ၁၀၀ ကျော်ဟာ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးကျေးရွာဘက်ကနေ စေတုတ္တရာမြို့နယ်၊ ကျောက်ပုံရွာနဲ့ ညောင်ကုန်းရွာကို တပြိုင်နက်အင်အားဖြန့်ခွဲပြီး […]
ငြင်းလို့မရတော့ဘူး
မကြာမီ သတင်းကောင်းများကြားရအုံးမည်😍😍
စစ်တပ်ဘက်မှ ဗိုလ်ကြီး
ထီးလင်း၊ စခန်းကြီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး အရှင်ဖမ်းဆီးရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၉ မကွေးတိုင်း ထီးလင်းမြို့နယ် စခန်းကြီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ညောင်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်စောပိုင်း ၁ နာရီခန့်တွင် ထီးလင်းမြို့မှ အရှေ့ဘက် ဒေသအခေါ် စခန်း ကြီးဘက်သို့ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ရဲမာန်ဦးဆောင်သည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်း တက်လာကြောင်း ကြိုတင်သတင်းရသဖြင့် ဒေသတော်လှန်ရေးအဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ […]
အကိုချေတို့ ပုစဉ်းကင်
အကိုချေတို့ ပုစဉ်းကင်စားမလို့နဲ့တူတယ်နော်
စစ်ကြောင်းထိုး မီးရှီု့ဖျက်ဆီး
ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာ ၅ ထက်မနည်းကို စစ်တပ်က တစ်ရက်တည်း ရွာစဉ်လှည့်လည် စစ်ကြောင်းထိုး မီးရှီု့ဖျက်ဆီး ရန်ကုန် ၊ နိုဝင်ဘာ ၂၉ မကွေးတိုင်း၊ ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာ ၅ ထက်မနည်းကို စစ်ကောင်စီတပ်က တစ်ရက်တည်း ရွာစဉ်လှည့်လည်၍ စစ်ကြောင်းထိုး မီးရှီု့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ယမန်နေ့ တစ်ရက်တည်း ပွင့်ဖြူနှင့် စေတုတ္တရာအစပ်ရှိ ကျောက်ပုံ၊ ခဲပစ်၊ ညောင်တုန်း၊ လယ်မနှင့် ကျွဲခြံကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယမန်နေ့ တစ်ရက်လုံး ကျေးရွာများမှ နေအိမများကို ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တပ်က […]
လေကြောင်းတိုက်ခိုက်
နိုင်ငံတစ်ဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် အောက်တိုဘာလအတွင်း ပြည်သူ ၁၈၃ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၂၉ မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်နှင့် စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် ပြည်သူ ၁၈၃ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တိုက်ပွဲပေါင်း စုစုပေါင်း ၅၂၁ ကြိမ် ဖြစ်ပွားခဲ့ကာ တော်လှန်ရေးအဖွဲ့များက မြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာလအတွင်း ရခိုင်ဒေသရှိ တိုက်ပွဲများမှာ စက်တင်ဘာလထက် ၃ ဆ နီးပါးမြင့်တက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းမှာမူ တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ KIA နှင့်ပူးပေါင်းတပ်များသည် ဆော့လော်မြို့ကို အောက်တိုဘာ […]
တောင်ကုတ် Sold Out
စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိပြီးနောက် တောင်ကုတ်မြို့ကို ထိန်းချုပ် လိုက်ပြီဟု AA က ကြေညာ၊ မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေး တောင်ကုတ် စကခ ၅ ၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင် ရန်ကုန်| နိုဝင်ဘာ ၂၉ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်း ပိုက်လိုက်ပြီး မြို့တွင်းတွင် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ဘဲ AA က မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင်ကြေညာသည်။ တောင်ကုတ််မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့နယ်တစ်ခုလုံးကို သိမ်း ပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် […]